Saturday, May 05, 2007

`မြန်မာအမျိုးချင်း သွေးမကင်းလို့ မှာပါရစေ´

၁။ ကြီးပွါးချမ်းသာ မင်္ဂလာတရားနှင့်၊

စဉ်လာတိုးပွား မြန်မာတွေ။
အိမ်ထောင်ပြုရာ လူမျိုးခြားကို၊
ရှောင်ရှားပါကွဲ့ ကင်းအောင်နေ။
ချစ်ကြိုက်တတ်စွာ နှလုံးသားက၊
ဘာသာကွဲပြား ဖယ်ရှားလေ။
မိစ္ဆာဆိုးဝါး လူမျိုးခြားကို၊
ယူမိမှားတော့ ပါယ်လေးတွေ။
အဲ့ဒါကြောင့် အိမ်ထောင်ပြုမှား၊
ရှောင်ရှားကြပါလေ။

၂။ တိုင်းရင်းမြန်မာ အချင်းချင်းကို၊
သွေးအရင်းမို့ ချစ်ကြိုက်လေ။
တို့သွေးမြန်မာ သဘာဝက၊
ဗုဒ္ဓ ဓမ္မ ယုံကြည်နေ။
သာသနာ့ဝန် အားသွန်ထမ်းတဲ့၊
ရှင်ရဟန်းကို ပူဇော်နေ။
ကုသိုလ်ဌေးကြွယ် တကယ်အေးလို့၊
အပယ်ဘေးနှင့် ဝေးရပေ။
အဲ့ဒါကြောင့် မြန်မာသွေးစစ်၊
မွေးဖြစ်ကြပါစေ။

၃။ မြန်မာမွေးဖွား ကလေးများကို၊
ဖက်စပ်ကပြား ကင်းကြစေ။
ဘိုးဘွားစဉ်လာ မိဘများက၊
သွေးသားစင်စစ် မြန်မာပေ။
ကိုယ့်လက်ထက်မှာ အမျိုးဖျက်ရင်၊
ဆိုးချက်ကတော့ ကမ္ဘာမကြေ။
လူမျိုးသစ္စာ ကျင့်ဖေါက်ပြားက၊
တိရစ္ဆာန်မှာ မျိုးတူချင်းကို၊
သွေးယူသွင်းလို့ မွေးဖွားပေ။
အဲ့ဒါကြောင့် ဖက်စပ်ကပြား၊
မွေးဖွားကင်းပါစေ။

၎။ လူမျိုးမတူ ဘာသာခြားကို၊
ထိမ်းမြားလက်ထပ် ကင်းကြစေ။
မျိုးနွယ်ဘာသာ ပျက်အောင်လုပ်သည့်၊
စိတ်ယုတ်မာများ ဖယ်ရှားလေ။
မိစ္ဆာလူမျိုး ချစ်မြတ်နိုးက၊
လွန်အားကိုးရ တစ်သက်ပေ။
နိယတမိစ္ဆာ ယူမိမှားတော့၊
အပါယ်လေးပါး ကျရပေ။
အဲ့ဒါကြောင့် မိစ္ဆာလူမျိုး၊
ချစ်ကြိုးကင်းပါစေ။

၅။ ငါတို့မြန်မာ အမျိုးသမီးတို့၊
သွေးချင်းနီးလို့ မှာပါရစေ။
စိန်ရွှေဥစ္စာ ဒေါ်လာစွဲလို့၊
အယူလွဲနောက် လိုက်သူတွေ။
တစ်သက်စည်းစိမ် စိတ်ရွှင်မြူးရ၊
ချစ်ကြည်နူးက ပါယ်တွက်ပေ။
အချစ်ကိုသာ ယုံကာမှတ်၍၊
ဘ၀ပုံအပ် မသင့်ပေ။
လူမျိုးဘာသာ စဉ်လာပျက်လို့၊
တိုးတက်ကြဖို့ ချစ်တတ်စေ။
အဲ့ဒါကြောင့် ဘ၀ဖော်ဖြစ်၊
ချစ်တတ်လှပါစေ။

၆။ ငါတို့မြန်မာ တိုင်းရင်းသားတို့၊
နိုးကြားရိုးသား ကြိုးစားလေ။
ကိစ္စတိုင်းမှာ သိဥာဏ်ထားလို့၊
ကိုယ်ကျင့်တရားလည်း ခိုင်မြဲစေ။
ချစ်ခြင်းမေတ္တာ နှလုံးသားကို၊
တန်ဖိုးထားလို့ ချစ်တတ်စေ။
လူမျိုးဘာသာ အောက်မကျဖို့၊
ထောက်ပံ့ကြစို့ တို့တတွေ။
အဲဒါကြောင့် သာသာလူမျိုး၊
ကောင်းကျိုးဆောင်ရွက်လေ။

၇။ ရင်ဖုံးအင်္ကျီ ခြုံပ၀ါများနှင့်၊

မြန်မာဝတ်စား ဆင်ယင်လေ။
မြန်မာရိုးရာ ၀တ်ဆင်ကြမှ၊
မြန်မာပီသ ဂုဏ်တင့်ဝေ။
အနောက်တိုင်းသွင်ပြင် ဂါဝန်စကတ်နှင့်၊
အင်္ကျီပါးလှပ် ၀တ်တာတွေ။
မိဘဆရာ ကြီးသူများက၊
ဆုံးမပြောကြား တားမြစ်လေ။
တိုင်းတပါးဝတ်ဆင် သရုပ်ပျက်ကို၊
တိုက်ဖျက်ကြစို့ တို့တတွေ။
အဲဒါကြောင့် မြန်မာမျိုးရိုး၊
မြတ်နိုးဝတ်ဆင်လေ။

၈။ တို့တိုင်းတို့ပြည် တို့လူမျိုးကို၊
ဂုဏ်မညှိုးအောင် ထိန်းသိမ်းလေ။
မျိုးဇာတိဂုဏ် ယဉ်ကျေးမှုတို့၊
နောင်ရှေးရှု့လို့ မြတ်နိုးစေ။
ဘိုးဘွားစဉ်လာ မျိုးချစ်သွေးကို၊
အားသစ်မွေးလို့ ခိုင်မြဲစေ။
ကြံ့ခိုင်ကျန်းမာ ပညာရေးကို၊
စဉ်လာမနှေး ကြိုးစားလေ။
အဲဒါကြောင့် ငါတို့လူမျိုး၊
မညှိုးဂုဏ်တင့်ဝေ။
အရှင်ဝိစိတ္တ (မျိုးချစ်သွေး၊ ပခုက္ကူ)







`မြန်မာမျိုးချင်း သွေးမကင်းလို့ မှာပါရစေ´

ဤကဗျာများကို ၁၉၉၇ ခုနှစ်၊ဧပြီလထုတ် မေတ္တာရှင်(မန္တလေး) မဂ္ဂဇင်း အတွဲ(၁) အမှတ်(၁) တွင်လည်းကောင်း၊၁၉၉၈ ခုနှစ် မတ်လ ၂၈-ရက်ထုတ် ကြေးမုံသတင်းစာတွင်လည်းကောင်း၊ မျိုးချစ်သွေး ကလောင်အမည်ဖြင့် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။ မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည် မြန်မာစစ်စစ် ရင်သွေးချစ်များ မွေးဖွားလာစေရန် မိမိတို့၏ တပည့် သားသမီးများအား ကဗျာများ၏ နောက်ကွယ်အဓိပ္ပာယ်များကို စွမ်းနိုင်သမျှ ရှင်းလင်းပြောပြပေးခြင်း၊ အာဂုံနှုတ်တက် အရကျက်စေခြင်းဖြင့် အမျိုးဘာသာ သာသနာတော်၏ အကျိုးကို သည်ပိုးဆောင်ရွက်ကြပါရန် တိုကတွန်းဆန္ဒပြုအပ်ပါသည်။ ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ်အားမထုတတ်ဘူး ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည့်တန်ဖိုး ထပ်မညှိုးဖို့၊ အားကြိုးမာန်တက် ငါဆောင်ရွက်သည် ဆက်လက်သည်တံ့ပါစေသော်။

( မဟာဂန္ဓာရုံဆရာတော် - အမရပူရ )