Saturday, May 05, 2007

`မြန်မာမျိုးချင်း သွေးမကင်းလို့ မှာပါရစေ´

ဤကဗျာများကို ၁၉၉၇ ခုနှစ်၊ဧပြီလထုတ် မေတ္တာရှင်(မန္တလေး) မဂ္ဂဇင်း အတွဲ(၁) အမှတ်(၁) တွင်လည်းကောင်း၊၁၉၉၈ ခုနှစ် မတ်လ ၂၈-ရက်ထုတ် ကြေးမုံသတင်းစာတွင်လည်းကောင်း၊ မျိုးချစ်သွေး ကလောင်အမည်ဖြင့် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။ မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည် မြန်မာစစ်စစ် ရင်သွေးချစ်များ မွေးဖွားလာစေရန် မိမိတို့၏ တပည့် သားသမီးများအား ကဗျာများ၏ နောက်ကွယ်အဓိပ္ပာယ်များကို စွမ်းနိုင်သမျှ ရှင်းလင်းပြောပြပေးခြင်း၊ အာဂုံနှုတ်တက် အရကျက်စေခြင်းဖြင့် အမျိုးဘာသာ သာသနာတော်၏ အကျိုးကို သည်ပိုးဆောင်ရွက်ကြပါရန် တိုကတွန်းဆန္ဒပြုအပ်ပါသည်။ ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ်အားမထုတတ်ဘူး ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည့်တန်ဖိုး ထပ်မညှိုးဖို့၊ အားကြိုးမာန်တက် ငါဆောင်ရွက်သည် ဆက်လက်သည်တံ့ပါစေသော်။

( မဟာဂန္ဓာရုံဆရာတော် - အမရပူရ )

No comments: